Friday, October 5, 2012

ခေတ္တ ကမ္ဘာ ကြီး နဲ့ အဆက်ပြတ် သွား ခြင်း။



ခေတ္တ ကမ္ဘာ ကြီး နဲ့ အဆက်ပြတ် သွား ခြင်း။

ပြီး ခဲ့တဲ့ အပါတ် ထဲက၊ အလုပ် စောစော ပြီးတာ နဲ့ စောစော စီးစီး နားရ အောင် အိမ်ပြန် လာခဲ့ပါတယ်။ အိမ်ရောက် တော့ ၅ နာရီ ၀န်းကျင် လောက် ပဲ ရှိ သေးတာ မို့၊ လုပ် စရာရှိတာ လေး တွေ နည်းနည်းပါးပါး လုပ် ပြီး ရင် ခဏ နား လိုက် ဦး မယ် ဆို တဲ့ စိတ်ကူး နဲ့ ပေါ့။ ဒါ ပေ မဲ့ ဖြစ် ချင် တော့ အိမ်ဝ လည်းရောက် ရော၊ အမျိုးသ မီး စိုက် ထားတဲ့ ဂမုံး ပင် က ထိန်းထား တဲ့ အထိန်း ကြိုး က ပြတ် ပြီး ပင်စည် က အိမ် ပေါက်ဝ မှာလဲ နေ တယ်လေ။  အဲ ဒီတော့ နဂို က နား မယ် စိတ်ကူး ထားတာလေး ဖျက်ပြီး၊ အိမ်ထဲ ၀င်၊ အ၀တ်အစားလဲ၊ ပြီး တော့ အဲဒီ အထိန်းကြိုး ကို ပြန် သိုင်း ရ အောင်ကြိုး နဲ့ ကပ်ကြေး ယူ ပြီး အိမ် ရှေ့ ပြန် ထွက် ခဲ့ တယ်။
ပြီးတော့ ဂမုံး ပင်ကို သေခြာ ကြိုး နဲ့ ပြန်သိုင်း ၊ အား လုံး ပြီးသလောက် လည်းရှိ ရော၊ အိမ် ရှေ့ တံ ခါး မ ကြီး က နောက်ဖေး ဘက် က လေတိုး လို့ ၀ုန်းကနဲ ပိတ်သွား ပါလေရော။ အဲ ဒီတော့ မှ ကိုယ် မှာ အိမ် သော့ လည်း မ ပါ၊ အ၀တ် အစား က လည်း  စွပ် ကျယ် လေး နဲ့ ပုဆိုး ပဲ ပါတယ်။ ဘိ နပ် တောင် ကံ ကောင်း လို့ စီး ထား မိ လို့။ အိမ် ထဲ မှာ လည်း တ ယောက် မှ မ ရှိ၊ အိမ် သား တွေ ပြန် လာ ဘို့ ကလည်း စော သေး တော့ အိမ် အ ပြင် မှာ ဘာ လုပ် ရ မှန်း မသိ ဖြစ်သွား တယ်။
နောက် တော့ အောက်ဆင်း ပြီး တယောက်ယောက် တွေ့ ရင် ဖုန်းတောင်းဆက် ပြီး၊ အမျိုးသမီး ကို စောစော ပြန်လာ ဘို့ ပြောမယ် စိတ်ကူးနဲ့ ပေါ့။ နောက် တော့ မှ ပြော ဘို့ ဖုန်း ရ ရင် တောင် ဖုန်း နံ ပါတ် က အလွတ် မရ တော့ အဲဒီ အကြံ အစည် ကိုလည်း လက်လျှော့ လိုက် ရတယ်။ IT ခေတ် ဆိုတော့ ခေါင်း ထဲ ဘာ မှ မှတ် မ ထား ပဲ အ လွယ် လေး ပဲ ဖုန်း ထဲ မှာ ပဲ မှတ် ထား တတ် တဲ့ အ ကျိုး ဆက် တွေ ပေါ့။ အဲ ဒီ တော့ လည်း အိမ် သား တ ယောက် ယောက် ပြန် ရောက် လာ တဲ့ အ ထိ စောင့် ရုံ က လွဲ ပြီး ဘာ မှ မတတ် နိုင် တော့ ဘူး ပေါ့။
ကိုယ့် မှာ အ ၀တ် အ စား ပြည့် ပြည့် စုံ စုံ ၀တ် ထား ခဲ့ မိ ရင် လည်း ဟို နား ဒီ နား လျှောက် သွားလို့ ရ သေး။ ခု တော့ အ၀တ် တထည် ကိုယ် တခု လို့ တောင် ပြောလို့ မရ နိုင်ဘူး ထင် တယ်။ ခါ တိုင်းဆို ဒီ လို စောင့် စရာ အကြောင်း ပေါ် ရင် တောင် ဖုန်း လေး ထုတ် ပြီး game က စား ရင် က စား၊ ဒါ မှ မဟုတ် လည်း သူ ငယ် ချင်း တယောက် ယောက် ဆီ ဖုန်းဆက် ပြီး စ ကား ပြော ရင်း အချိန် ဖြုံး လို့ ရ သေး တယ်။ ခု တော့ ဖုန်း က လည်း မ ပါ။  ဒီ ခြား ထဲ ဗိုက် ဆာ ရင် တ ခု ခု ၀ယ် စား ရ အောင် ပိုက်ဆံ အိပ် ကလည်း မပါ၊ ပါ ရင်တောင် ဒီ အ၀တ် အစား နဲ့ ဘယ် လို သွားမလဲ။
စောင့် ရင်း အချိန် က ကုန် လာ၊ အိမ် သား တွေ ရဲ့ အ ရိပ် အ ယောင် လည်း မတွေ့ ရ သေး နဲ့၊ တော် တော် စိတ်ညစ် စရာကောင်း တာပဲ။ နာ ရီ မပါ လို့ အ ချိန် ကလည်း ဘယ်အချိန် ရှိ မှန်း မသိ ရ။ ဖြတ် သွား ဖြတ် လာ ထဲ မှာ နာ ရီ ပါတ် လာ တဲ့ သူတွေ့ ရင် အချိန် လှမ်း မေး ရင်း ၇ နာရီ ထိုး ပြီးတာ သိ လိုက် ရတယ်။ ဒီ နေ့ မှ ပဲ အိမ် သားတွေ က အိမ်ပြန် နောက် ကျ ရတယ် လို့ စိတ် တို ရ သေး တယ် ။
 နောက် ဆုံး ၇ နာရီ ခွဲ ပြီး မှ ပ ထ မ ဆုံး အိမ် က တ ယောက် ပြန် ရောက် လာ လို့ အိမ် ထဲ ပြန် ၀င် လို့ ရ တော့ တယ် ။  ဒီ လို ဖြစ် သွား တော့ မှ ခု ခေတ် က လူ တွေ က HP တွေ Internet တွေ အ ပေါ် ဘယ် လောက် တည် မှီ နေ ကြ ရ တယ် ဆို တာ ကိုယ် တွေ့ သဘော ပေါက် ခဲ့ ရ ပါ တော့ တယ် ။