ဒီတခေါက်ပြည်တွင်းခရီးစဉ်အဖြစ်ကျိုက်ထီးရိုးဘုရားကိုရောက်ခဲ့ဖူးမျှော်ခဲ့ရပါတယ်။ ကျိုက်ထီးရိုးဘုရားမှာ အများသိကြတဲ့အတိုင်းထူး ဆန်းအံ့ဖွယ်တောင်စွန်းပေါ်မှာကျလုကျခင်တင်ထားတဲ့ရသေ့ကြီးဦးခေါင်းနဲ့ တူတဲ့ကျောက်တုံးကြီးပေါ်မှာတည်ထားလို့ နိုင်ငံခြားသားများ လည်းအထူးစိတ်ဝင်စားစွာနဲ့ လာရောက်ဖူးမျှော်ကြတာတွေ့ ရပါတယ်။ အစကတော့ကျိုက်ထီးရိုးဘုရားကိုတက်ဖို့ အတွက် ဂေါပကအဖွဲ့  ရဲ့ စီစဉ်ဆောင်ရွက်ပေးမှုကြောင့်ကားနဲ့ တောင်ခြေကနေရင်ပြင်အထိတက်လို့ ရ ပြီဆိုလို့ အော်တိုးတက်တဲ့နိုင်ငံကြီးတွေလိုကောင်းကင်ရ ထား (cable car) တွေမစီစဉ်ပေးနိုင်သေးပေမဲ့ဒီလောက်စီစဉ်ပေးရင်မဆိုးဘူးဆိုပြီးထင်ထားတာ။ တောင်ခြေကားစခန်းရောက်လို့ စီးရမဲ့ ကားတွေတွေ့ လိုက်ရတော့မှပဲ၊ ဒီကားတွေကလူစီးဘို့ လုပ်ထားတဲ့ကားတွေမှမဟုတ်တာ။ ကိုယ်ရောက်နေတဲ့နိုင်ငံမှာဆိုဒီလိုကားမျိုးကို အလုပ်သမားတွေတောင်မစီးရဘူး။အန္တရာယ်ရှိလို့ ။ ဘာကားတွေလဲဆိုတော့ အုတ်၊သဲ၊ကျောက်တိုက်တဲ့ကားတွေမို့ လေ။ အဲဒီလိုကားတွေကို ဘေး ဘောင်မှာ ၄”x ၂” လောက်သစ်သားတန်းတွေတင်ထားပြီး၊လူတွေကအဲဒီအပေါ်ကနေထိုင်လိုက်ကြရတာလေ။ အံမယ်၊ နောက်တခုစီစဉ် ပေးထားတာကလည်းကျိုက်ထီးရိုးစေတီတော်ကြီးလိုပဲထူးဆန်းအံ့ဖွယ်တခုပဲ၊ အဲဒီကားတွေကမြင့်နေတော့ ခရီးသည်တွေကားပေါ်တက် ဖို့ ကိုလှေခါးတွေစီစဉ်ထားပေးတယ်။ ဒီလှေကားတွေပေါ်တက်ရတာလေယာဉ်ပျံပေါ်တက်ရတာကျ နေတာပဲ။ နောက်တခုကကိုယ်စီးရမဲ့ ကားကိုကြည့်ပြီး၊ လမ်းမှာမတော်တဆတခုခုများဖြစ်ရင်ဆိုပြီးစိုးရိမ်စိတ်ဝင်နေလား။ ဘာမှမစိုးရိမ် နဲ့ ၊ ကားဂိတ်မှာအသေအခြာအတိအ ကျရေးထားတယ်။ ကားခ - ရှေ့ခန်းဘယ်လောက်၊ နောက်ခန်းဘယ်လောက်၊ ဆိုတာအပြင် ယာဉ်စီးခရီးသည်တွေမပူပင်ရအောင်ဖြည့် ရေးထားတာကတော့၊ အသက်အာမခံကြေးအပါအ၀င်ပါတဲ့။ ကိုယ့်ဖါသာကိုယ်လျှောက်မတက်နိုင်ရင်တော့အသက်အာမခံကြေးအားကိုး နဲ့ ဒီကားတွေကိုပဲဘုရားတပြီးစီးကြရမှာပါပဲ။ ဒီကားတွေကိုစီ စဉ်ပေးတဲ့သူတွေလည်းကုသိုလ်တော်တော်ရမှာပဲ၊ ဘာဖြစ်လို့ လဲဆိုတော့ ကားစီးလာတဲ့လူတိုင်းက မရောက်မချင်းဘုရားတလာကြရ တယ်လေ။ ဒီနေရာမှာစဉ်းစားမိတာကဘာဖြစ်လို့ ဒီထက်ကောင်းတဲ့အစီအစဉ် တွေမစီစဉ်နိုင်ကြတာလဲ။ ပြည်တွင်းဘုရားဖူးတွေအပြင်၊ နိုင်ငံခြားသားအများအပြားလာရောက်တဲ့နေရာဖြစ်တဲ့အားလျော်စွာ၊ အဲဒီဘုရား ဖူးတွေ၊ နိုင်ငံခြားသားတွေဆီကလည်းဝင်ငွေတွေနင့်နေ အောင်ရရဲ့သားနဲ့ ။ ဆိုလိုတာကကောင်းကင်ရထားတွေလုပ်ပေးဖို့ ထိမဟုတ်ပါ ဘူး။ ဒီထက်ဘေးအန္တရာယ်လုံခြုံစိတ်ချရတဲ့၊ ဘုရားဖူး တွေသက်တောင့်သက်သာရှိမဲ့အစီအစဉ်မျိုးကို ဘာလို့ မစီစဉ်နိုင်ကြတာပါလိမ့်။ အခုအစီအစဉ်မျိုးကတော့တခေါက်ရောက်ပြီးရင်နောက်တခေါက်သွားဖို့ ကို တော်ရုံလူကတော့ဆလံ ‘သ’ သွားမှာပဲ။ ပြည်တွင်းက ဘုရားဖူးတွေတောင် (ကျွန်တော်အပါအ၀င်) နောက်တခေါက်ဒီအတိုင်းပဲဆိုရင်မသွားတော့ဘူးလို့ တွေးထားကြ တာ၊ နိုင်ငံခြားသား တွေအနေနဲ့ ဆိုပိုဆိုးဦးမယ်။ တဆင့်စကားတဆင့်ကြားပြီး၊ ဒီခရီးသွားဖို့ ကိုစိတ်ပျက်သွားကြမှာပဲ။ ဈေးကွက်စီးပွါးရေးစံနစ် ဆိုတာကိုယ် ရဲ့ဖေါက်သည်ကိုလာပြီးရင်ထပ်လာချင်အောင်၊ ကောင်းမွန်တဲ့စိမံဆောင်ရွက်ထားမှုသတင်းတွေကြောင့်နောက်ထပ်မရောက် ဘူးသေးတဲ့ သူတွေကလည်းစိတ်ဝင်စားပြီးလာချင်စိတ်ပေါ်လာအောင်ဆွဲဆောင်ယူရပါတယ်။ ဒီလိုမျိုးအခြေအနေဖြစ်လာရင်၊ ဒေသမှာပိုဖွံ့ ဖြိုးတိုး တက်ပြီး ဒေသခံတွေအတွက်စီးပွါးရေးအခွင့်အလမ်းတွေပိုလမ်းပွင့်စေနိုင်ပါတယ်။
နောက်ထူးဆန်းတဲ့စည်းကမ်းချက်တွေကတော့ နိုင်ငံခြားသားများကားစီးခွင့်ကိုတောင်ခြေကနေရသေ့တောင်ထိပဲလို့ သိရပါတယ်။ အဲဒီ ကနေရင်ပြင်ထိကိုတော့အထမ်းနဲ့ တက်ရပါတယ်။ နိုင်ငံခြားသားတွေကိုကားစီးတဲ့အတွေ့ အကြုံရော၊ အထမ်းနဲ့ တက်ရတဲ့အတွေ့ အ ကြုံရော တပြိုင်တည်းရစေချင်တဲ့စေတနာနဲ့ တူပါရဲ့။ ဘာပဲဖြစ်ဖြစ်ဘုရားပေါ်ရောက်တော့သာယာလှပတဲ့ရှုခင်းတွေကိုမြင်ရတာရောတင့်တယ်သပ္ပါယ်လှတဲ့ကျိုက်ထီးရိုးဆံတော်ရှင်စေတီ မြတ်ကိုကြည်ညိုသဒ္ဒါစွာဖူးမျှော်ပူဇော်ကန်တော့ရတာတွေကြောင့်ပင်ပန်းတာတွေအထိတ်တလန့် ဖြစ်ခဲ့ရတာတွေအကုန်ပျောက်ပြီးစိတ် တွေပြန်လည်လန်းဆန်းကြည်နူးခဲ့ရပါတယ်။
အဲ၊ ဒီလိုနဲ့ ပြန်ဆင်းရတော့မယ်ဆိုတော့အတက်တုန်းကအတိုင်း အသက်အာမခံပါပြီးသား ကားကြီးတွေကိုပဲပြန်စီးကြရ ပြန်တာပေါ့။ ဒီတခါလည်းထူးဆန်းတဲ့အစီအစဉ်တခုကိုတွေ့ ရ ပြန်ပါတယ် ။ ကားတစီးလုံးကဘုရားဖူးတွေ အကုန်လုံးကတောင်ခြေအထိဆင်းမဲ့သူ တွေချည်းပဲ ။ ဒါပေမဲ့ စီးလာတဲ့ကားကအလှည့်မဟုတ်သေးလို့ တောင်ခြေရောက်အောင်သွားလို့  မရပြန်ဘူးတဲ့ ။ ဒါကြောင့်အဲဒီကား ပေါ်မှာပါလာတဲ့သူအကုန်လုံးရသေ့တောင်အရောက်မှာနောက်ကားအလွတ်တစီးကိုပြောင်းပေးရ တယ်၊ အဲဒီလိုပြောင်းပေးရတဲ့အခါမှာ ခရီးသည်တွေအဆင်ပြေလွယ်ကူစွာနဲ့ ပြောင်းပေးနိုင်ဖို့ အတွက်ကား ၂ စီးကိုဘေးချင်းကပ်ယှဉ်ရပ် ပေးပြီး ခရီးသည်တွေကလှေခါးကြီး နဲ့ တက်ဆင်းနေစရာမလိုပဲ၊ ဟိုဘက်ဒီဘက်ခုန်ကူးကြရုံပဲလေ။ ဒီနေရာမှာလည်းစဉ်းစားကြည့်မိတယ်၊ ကားတစီးလုံးကတောင်ခြေအထိ သွားမဲ့သူတွေချည်းပဲဟာကိုဘာဖြစ်လို့ ကားမပြောင်းပဲအဲဒီကားနဲ့ ပဲတိုက်ရိုက်တောင်ခြေထိဆင်းလို့ ရှိရင်ပိုအဆင်မပြေဘူးလားလို့ ။ ဒါပေမဲ့ဘာကြောင့်ပြောင်းရတာလည်းဆိုတာဘယ်လိုမှစဉ်းစားလို့ မရပဲ၊ ဥာဏ်မီသလောက်ကောက်ချက်ချမိတာကာတော့ လွယ်ကူအ ဆင်ပြေနေတာတွေကိုခက်ခဲအောင်၊အဆင်မပြေအောင်လုပ်တာကိုကဒို့ ဆီကလုပ်ထုံးလုပ်နည်းတရပ်နဲ့ တူပါရဲ လို့ ။့
No comments:
Post a Comment