Wednesday, August 29, 2012

မလွန် မြေ အလွမ်း ပြေ ၊ အပိုင်း (၂)


မလွန် မြေ အလွမ်းပြေ (၂) ။

ပြော ခဲ့ တဲ့ အတိုင်း ပဲ၊ ရေး ရင်း နဲ့ အရှိန် က ရ ၊ မြှောက် တဲ့ သူ က မြှောက် ပေး နဲ့ ဆက် ရေး မိ ပြန် ပြီ  ။ ဒီ တခါ တော့ နည်းနည်း ချင်း သတိ ရ တာ လေး တွေ ကို ရေး သွား ပါ့ မယ် ။ ပဌမ ဆုံး က တော့ မလွန် က ရာသီ ဥတု အ ကြောင်း ပါ ။ မလွန် က အညာ ဒေသ ထဲ မှာ ပါ နေ တော့ အညာ ရာ သီ ဥတု ရဲ့ သဘာဝ အတိုင်း ရာ သီ ဥတု ပြင်း တယ် ပြော ရ မှာ ပေါ့ ။

နွေ ရာ သီ ။  မလွန် နွေ  ရာသီ ကတော့ အညာ နွေ ပီပီ အတော် လေး ပူ ပြင်း ပါ တယ် ။ နွေ အခါ ဆို အခန်း ထဲ မှာ အိပ် လို့ ရ ဘို့ မလွယ် လှ ဘူး ။ အဲ ဒီ အချိန်မှာ ပူ လွန်း တော့ ရှိ သမျှ အိမ် ထောင် ပရိဘော ဂ တွေ က လည်း ထိ လိုက် ရင် ပူ နေ တတ် တယ် ။ ဒီ တော့ မအိပ် ခင် ခြင် ထောင် ကို ရေ ဆွတ် ပြီး မှ ထောင်ထား လိုက် တော့ အိပ် တဲ့ အခါ ကျ တော့ Air Con ဖွင့် ထား သလို အေးအေး လေး နဲ့ အိပ် ပျော် သွား တာ ပေါ့ ။ အဲ ဒီ တုန်း က ငယ် သေး တော့ အဲ ဒီ လို လုပ် ရင် လေ ဖြတ် တတ် တယ် ကြား ဘူး ပေ မဲ့ ကြောက် ရ ကောင်းမှန် မသိ ကြ ဘူး ။ ငယ်သူ မို့ မသိ ပါ လို့ မစန္ဒာ ရဲ့ ၀တ္ထု နံ မည် ပေး ရ မလို ပေါ့ ။ တခါ တလေ တော့ လည်း ကုတင် အပို ကို ရှေ့ ဘိနပ် ချွတ် မှာ ထားထား ပြီး ၊ ညနေ အလုပ် က ပြန် ရောက် တာ နဲ့ အဲ ဒီ ကု တင် ကို ရေ တွေ ဖြန်း ထား လိုက် တယ် ။ ဘယ် လောက် ပူ လဲ ဆို ရင် အဲ ဒီ ဖြန်း ထား တဲ့ ရေ က မိုး မချုပ် ခင် အကုန် ချောက် သွား ပြီ လေ ။ အဲဒီ တော့ ည ကို ပူ မနေ တဲ့ ကုတင် မှာ အပြင် က လေ ပြေ လေး ခံ ရင်း အိပ် ခဲ့ ကြ ရတယ် ။ အဲ ဒီ အချိန် က Air Con က လည်း မရှိ ဘူး လေ ။ နေ့ လည် ဘက် အလုပ် ထဲ မှာ ဆို ရင် တော့ တခါ တလေ ၊ အပေါ် က ရှပ် အင်္ကျီ ကို ချွတ် ပြီး စွပ် ကျယ် လေး နဲ့ နေ တဲ့ အခါ နေရ တယ်။

မိုး ရာ သီ ။ ဒီ ရာ သီ က တော့ သိပ် ထူးထူးခြားခြား ပြော ပ လောက် တဲ့ အကြောင်း မရှိ ပါ ဘူး ။ ဒါ ပေ မဲ့ ကား တွေ Z ဆိပ် ဆင်း တဲ့ အခါ၊ လမ်း တွေ က ရွှံ့ တွေ နဲ့ ချော် နေ တတ် လို့ Z အဆင်း အတက် မှာ တင် အချိန် တွေ တော်တော် ကုန် တတ် တယ် ။ တခါ တလေ ကား က သူ့ ဘာသာ မတက် နိုင် လို့ ထွန် စက် နဲ့ ဆွဲ တင် ဆွဲ ချ လုပ် ရ တဲ့ အခါ တွေ လည်း ရှိ ရဲ့ ။ မြစ် ကူး တံတား တွေ မရှိ ခင် က ဒုက္ခ တွေ ပေါ့။ နောက် မလွန် ရွာ ကမ်း နား ပ်ုင်း က ကမ်း ပြို တတ် တော့ ကမ်း နား က အိမ် တွေ က သတိ ထား နေ ရ တယ် ။ 

ဆောင်း ရာသီ ။  ဒီရာသီ က တော့ နေ လို့ အကောင်း ဆုံး ၊ ပျော် စရာ အကောင်း ဆုံး ရာ သီ ပဲ ။ ပျော် စရာ ကောင်း ဆို ဒီ ရာ သီ မှာ နံ မည် ကျော် အညာ ထန်းရည် ပေါ် တဲ့ အချိန် လေ ။ နောက် ပြီး တော့ အညာ က တောင် သူ တွေ စိုက် ပျိုး ရေး လုပ် ငန်း တွေ သိမ်း ပြီး ၊ ပဲ ပေါ် ချိန် ၊ နှမ်း ပေါ် ချိန် မို့ ငွေ ရွှင် နေ ကြ ချိန် မှာ အညာ ဘုရား ပွဲ တွေ နယ် အနှံ့ ကျင်း ပ လေ့ ရှိ တဲ့ အချိန် လည်း ဖြစ် တယ် လေ ။ ဒီ ရာသီ မှာ ရာသီ ဥတု က လည်း အေး တော့ အနွေး ထည် အမျိုးမျိုး ၀တ် ပြီး ရှိုး ထုတ် လို့ လည်း ရ သေး တယ် ။ ကျောင်း မှာ ဘွဲ့ ယူ ပြီး ထဲ က ၀တ် စရာ လမ်း မရှိ လို့ မ ၀တ် ရ တဲ့ ကုတ် အကျ င်္ီက ဒီ မှာ ဟန် ကျ နေ တယ် ။ Sky Beer လို့ နံ မည် ပေး ထား တည့် ထန်းရည် က လည်း ဒီ နယ် တ၀ိုက် မှာ ကောင်း လည်း ကောင်း ၊ ပေါ လည်း ပေါ ဆို တော့ ထန်း ရည် ကောင်း ထွက် တဲ့ ရွာ နီး ချုပ် စပ် တွေ က ထန်း တော တွေ လည်း အကုန် ရောက် ခဲ့ တယ် ။ မင်း လှ က ထန်း တော ၊ သံပုရာ ကန် အလွန်  မကျည်း ပင် ရွာ က ထန်း တော ၊ လက် ပံ ၊ သစ်ရာ ကောက် နားက ရွာ တွေ အထိ နှံ့ ခဲ့ တယ် ။ မလွန် ရွာ ထိပ် က သရက် တော နား က ထန်း တော မှာ လည်း မလွတ် ဘူး။ ထန်းရည် ကို အပင် အောက် မှာတင် လတ်လတ် ဆတ်ဆတ် သောက် ရ တဲ့ အပြင် အမြီး က လည်း အနား မှာ ရှိ တဲ့ မနှုတ် ရ သေးတဲ့ မြေ ပဲ ပင် တွေ နှုတ် ပြီး မြေ ပဲ အစိမ်း တွေ ကို မီး ဖုတ် ပြီး စား ခဲ့ ရတဲ့ အရသာ ကို အခု ကလပ် တွေ မှာ Calsberg တွေ Henekin တွေ ကို ကြက်ကင် တွေ အာ လူး ကျော် တွေ အမြီး ကောင်း တွေ နဲ့ စား ရ သောက် ရ တာ တွေ နဲ့ မလဲ နိုင် ပါ ဘူး ။ စိုင်း ထီး ဆိုင် ရဲ့ ပျောက် ဆုံး နေ သော နိဗ္ဗာန် ဘုံ ထဲ က လို အဲဒီ ဘ၀ မျိုး လေး တခါ ပြန် ပြီး ရ ချင် မိ သေး တယ် ။ မှတ် မိ နေ သေး တယ် ။ မင်း လှ ထန်းတော က ထန်းရည် က တော် တော် စွမ်း တာ ပဲ။ တခါ သွား သောက် တာ ဦး နေ ၀င်း (အလုပ် ရုံ ခွဲ မှူး၊ ဓါတ် ခဲအလုပ်ရုံ) ဆို ၂ ခွက် လောက် သောက် တာ နဲ့ တင် ဒေါင် ချာ စိုင်း အောင် မူး သွား တာ ။ ထန်းရည် သောက် တော့ လည်း ဒါ နဲ့ ပါတ် သက် တဲ့ အခေါ် အဝေါ် လေး တွေ ဗ ဟုသုတ လေး တွေ ရ ခဲ့ တာပေါ့ ။ ငှက် ခါးတောင် တို့၊ ပုဇွန် စိပ် ခုန် တို့ ၊ နောက် ထန်းရည် ကို နေ ကျော် မှ ချ ရင် ပို မူး တတ် တယ် တို့ ဆို တာ တွေ ပေါ့ ။  

နောက် ထပ် မှတ် မိ တာ တွေ ရှိ ရင် ထပ် ရေး ပါ့  မယ်။ အခု တော့ ဒီ နေ ရာ မှာ ခဏ နား ဦး မယ် ။

(၂၉ရက် ၊ သြဂုတ်လ ၊ ၂၀၁၂)

No comments:

Post a Comment