Thursday, November 29, 2012
Friday, October 5, 2012
ခေတ္တ ကမ္ဘာ ကြီး နဲ့ အဆက်ပြတ် သွား ခြင်း။
ခေတ္တ ကမ္ဘာ ကြီး နဲ့ အဆက်ပြတ် သွား ခြင်း။
ပြီး ခဲ့တဲ့ အပါတ် ထဲက၊ အလုပ် စောစော ပြီးတာ နဲ့ စောစော စီးစီး
နားရ အောင် အိမ်ပြန် လာခဲ့ပါတယ်။ အိမ်ရောက် တော့ ၅ နာရီ ၀န်းကျင် လောက် ပဲ ရှိ သေးတာ
မို့၊ လုပ် စရာရှိတာ လေး တွေ နည်းနည်းပါးပါး လုပ် ပြီး ရင် ခဏ နား လိုက် ဦး မယ် ဆို
တဲ့ စိတ်ကူး နဲ့ ပေါ့။ ဒါ ပေ မဲ့ ဖြစ် ချင် တော့ အိမ်ဝ လည်းရောက် ရော၊ အမျိုးသ မီး
စိုက် ထားတဲ့ ဂမုံး ပင် က ထိန်းထား တဲ့ အထိန်း ကြိုး က ပြတ် ပြီး ပင်စည် က အိမ် ပေါက်ဝ
မှာလဲ နေ တယ်လေ။ အဲ ဒီတော့ နဂို က နား မယ်
စိတ်ကူး ထားတာလေး ဖျက်ပြီး၊ အိမ်ထဲ ၀င်၊ အ၀တ်အစားလဲ၊ ပြီး တော့ အဲဒီ အထိန်းကြိုး ကို
ပြန် သိုင်း ရ အောင်ကြိုး နဲ့ ကပ်ကြေး ယူ ပြီး အိမ် ရှေ့ ပြန် ထွက် ခဲ့ တယ်။
ပြီးတော့ ဂမုံး ပင်ကို သေခြာ ကြိုး နဲ့ ပြန်သိုင်း ၊ အား
လုံး ပြီးသလောက် လည်းရှိ ရော၊ အိမ် ရှေ့ တံ ခါး မ ကြီး က နောက်ဖေး ဘက် က လေတိုး လို့
ဝုန်းကနဲ ပိတ်သွား ပါလေရော။ အဲ ဒီတော့ မှ ကိုယ် မှာ အိမ် သော့ လည်း မ ပါ၊ အ၀တ် အစား
က လည်း စွပ် ကျယ် လေး နဲ့ ပုဆိုး ပဲ ပါတယ်။
ဘိ နပ် တောင် ကံ ကောင်း လို့ စီး ထား မိ လို့။ အိမ် ထဲ မှာ လည်း တ ယောက် မှ မ ရှိ၊
အိမ် သား တွေ ပြန် လာ ဘို့ ကလည်း စော သေး တော့ အိမ် အ ပြင် မှာ ဘာ လုပ် ရ မှန်း မသိ
ဖြစ်သွား တယ်။
နောက် တော့ အောက်ဆင်း ပြီး တယောက်ယောက် တွေ့ ရင် ဖုန်းတောင်းဆက်
ပြီး၊ အမျိုးသမီး ကို စောစော ပြန်လာ ဘို့ ပြောမယ် စိတ်ကူးနဲ့ ပေါ့။ နောက် တော့ မှ ပြော
ဘို့ ဖုန်း ရ ရင် တောင် ဖုန်း နံ ပါတ် က အလွတ် မရ တော့ အဲဒီ အကြံ အစည် ကိုလည်း လက်လျှော့
လိုက် ရတယ်။ IT ခေတ် ဆိုတော့ ခေါင်း ထဲ ဘာ မှ မှတ် မ ထား ပဲ အ လွယ် လေး ပဲ ဖုန်း ထဲ
မှာ ပဲ မှတ် ထား တတ် တဲ့ အ ကျိုး ဆက် တွေ ပေါ့။ အဲ ဒီ တော့ လည်း အိမ် သား တ ယောက် ယောက်
ပြန် ရောက် လာ တဲ့ အ ထိ စောင့် ရုံ က လွဲ ပြီး ဘာ မှ မတတ် နိုင် တော့ ဘူး ပေါ့။
ကိုယ့် မှာ အ ၀တ် အ စား ပြည့် ပြည့် စုံ စုံ ၀တ် ထား ခဲ့
မိ ရင် လည်း ဟို နား ဒီ နား လျှောက် သွားလို့ ရ သေး။ ခု တော့ အ၀တ် တထည် ကိုယ် တခု လို့
တောင် ပြောလို့ မရ နိုင်ဘူး ထင် တယ်။ ခါ တိုင်းဆို ဒီ လို စောင့် စရာ အကြောင်း ပေါ်
ရင် တောင် ဖုန်း လေး ထုတ် ပြီး game က စား ရင် က စား၊ ဒါ မှ မဟုတ် လည်း သူ ငယ် ချင်း
တယောက် ယောက် ဆီ ဖုန်းဆက် ပြီး စ ကား ပြော ရင်း အချိန် ဖြုံး လို့ ရ သေး တယ်။ ခု တော့
ဖုန်း က လည်း မ ပါ။ ဒီ ခြား ထဲ ဗိုက် ဆာ ရင်
တ ခု ခု ၀ယ် စား ရ အောင် ပိုက်ဆံ အိပ် ကလည်း မပါ၊ ပါ ရင်တောင် ဒီ အ၀တ် အစား နဲ့ ဘယ်
လို သွားမလဲ။
စောင့် ရင်း အချိန် က ကုန် လာ၊ အိမ် သား တွေ ရဲ့ အ ရိပ် အ
ယောင် လည်း မတွေ့ ရ သေး နဲ့၊ တော် တော် စိတ်ညစ် စရာကောင်း တာပဲ။ နာ ရီ မပါ လို့ အ ချိန်
ကလည်း ဘယ်အချိန် ရှိ မှန်း မသိ ရ။ ဖြတ် သွား ဖြတ် လာ ထဲ မှာ နာ ရီ ပါတ် လာ တဲ့ သူတွေ့
ရင် အချိန် လှမ်း မေး ရင်း ၇ နာရီ ထိုး ပြီးတာ သိ လိုက် ရတယ်။ ဒီ နေ့ မှ ပဲ အိမ် သားတွေ
က အိမ်ပြန် နောက် ကျ ရတယ် လို့ စိတ် တို ရ သေး တယ် ။
နောက် ဆုံး ၇ နာရီ
ခွဲ ပြီး မှ ပ ထ မ ဆုံး အိမ် က တ ယောက် ပြန် ရောက် လာ လို့ အိမ် ထဲ ပြန် ၀င် လို့ ရ
တော့ တယ် ။ ဒီ လို ဖြစ် သွား တော့ မှ ခု ခေတ်
က လူ တွေ က HP တွေ Internet တွေ အ ပေါ် ဘယ် လောက် တည် မှီ နေ ကြ ရ တယ် ဆို တာ ကိုယ်
တွေ့ သဘော ပေါက် ခဲ့ ရ ပါ တော့ တယ် ။
Saturday, September 1, 2012
မလွန် မြေ အလွမ်း ပြေ (၃)
မလွန် မြေ အလွမ်းပြေ (၃) ။
မလွန် အကြောင်း
ပြော ရင် အညာ ဘုရားတွေ ၊ ဘု ရား ပွဲ တွေ အကြာင်း ပါ ပြော မှ ပြည့် စုံ မယ် ထင်ပါ တယ်။
ဒီ အညာ မြေ ကို အလုပ် တာဝန် အရ ရောက် သွား တဲ့ အခါ ကျ တော့ မှ ဒီ ဒေသ တွေ က ရှေး အခါ
မြတ်စွာ ဘု ရား သက်တော် ထင် ရှား ရှိ ခဲ့ စဉ် က သီတင်း သုံး ခဲ့ ဘူး တဲ့ နေ ရာ တွေ
၊ ဗုဒ္ဓ ဘာ သာ သာ သနာ ထွန်း ကား ပြန့် ပွါး ခဲ့ တဲ့ အ ထင် ကရ နေ ရာ တွေ ဖြစ် ကြောင်း
သိ ခဲ့ ရတယ်။
ရွှေ စက် တော် သွား တဲ့ လမ်း က ပွင့် ဖြူ နယ် ထဲ မှာ ထင် တယ်၊
ကျောင်း တော်ရာ ဘုရား ရှိ ပါတယ်။ ဒီ ဘုရား က မြတ် စွာ ဘုရား သီတင်း သုံး တော် မူ ခဲ့
တဲ့ စန္ဒကူး နဲ့ ဆောက် ထားတဲ့ ကျောင်း ကို အမှူး ပြု ပြီး တည် ထား တာ လို့ ဆိုပါ တယ်။
ဝါ ၀င် တဲ့ အခါ ကျ ရင် ဘုရား ဖူး ငါး တွေ လာ တယ် ဆို တဲ့ နေရာ ပေါ့ ။ အဲ ဒီ ငါး တွေ
က လည်း အတော် ထူး ဆန်း သား။ ၀ါ တွင်း ကာ လ မှာ ပဲ တွေ့ နိုင် ပြီး ၊ သီ တင်း ကျွတ်
တာ နဲ့ မရှိ ကြ တော့ ဘူး။ ဒါ ကြောင့် လူ တွေ က ဒီ ငါး တွေ ကို ၀ါ တွင်း ကာ လ မှာ ဘုရား
လာ ဖူး တဲ့ ငါး တွေ “ဘုရား ဖူး ငါး” ဆို ပြီး ခေါ် ကြ တယ်။ အမှန် တော့ ငါး ထွေ ဆို တဲ့
ငါး တွေ ပါ။ ဒါ ပေ မဲ့ ငါး ကြီး တွေ က တော် တော် ကြီး ကြ တယ်။ တော်တော် ကြီး လည်း ယဉ်
နေ ကြ တယ်။ ဘယ် လောက် ထိ ကြီး တာ တွေ့ ခဲ့ ရ ဘူး လဲ ဆို ရင်၊ သူ တို့ ပါးစပ် ပေါက်
ကြီး တွေ ဟ ပြီး အစာ တောင်း နေ တဲ့ အချိန် မှာ လမ်း စ လျှောက် ခါ စ ကလေး အရွယ် လောက်
ဆို အသာ လေး လျှောက် ပြီး ၀င် သွား နိုင် လောက် အောင် ကျယ် ပြီး၊ ဘယ် လောက် ယဉ် လဲ
ဆို တော့ ကမ်း စပ် နား ကပ် ပြီး အစာ တောင်း နေ တဲ့ အချိန် မှာ သူ့ ခေါင်း ကို ကိုင်
ပီး ရွှေ ချ တာ ငြိမ် ခံ နေ တယ်။ ဒီ ငါး တွေ လာ တဲ့ အချိန် က ၀ါ တွင်း ဆို တော့ မိုး
ရာသီ ထဲ မှာ ဖြစ် နေ လို့ လူ တိုင်း မကြုံ ဘူး ကြ ဘူး ။ ကျွန် တော် တောင် ကျောင်း
တော် ရာ ကို ရွှေ စက် တော် သွားရင်း မကြာ မကြာ ရောက် ဘူး ပေ မဲ့၊ ငါး ကျွေး တဲ့ အချိန်
(ငါး တွေ ဘုရား လာဖူး တဲ့ အချိန်) နဲ့ တခါ ပဲ ကြုံ တယ် ။ ဒါ တောင် ငါး ကျွေး သက်သက်
လာ လို့ တွေ့ ရ တာ ။ ရွှေ စက် တော် ဘု ရား ပွဲ ချိန် က ငါး တွေ မရှိ တော့ ဘူး လေ ။
အဲ ဒါ နဲ့ ဘုရား သမိုင်း တဆက် ထဲ က မင်း ဘူး က ရှင် ပင် စက္ကိန်း
တဲ (စက္ကတဲ) ၊ မကွေး က မြ သလွန်၊ မလွန် က မြ သပိတ် ဘု ရား တွေ ဖြစ် ပါ တယ်။ မြ သလွန်
နဲ့ မြ သပိတ် က လည်း သမိုင်း တဆက် ထဲ ဖြစ် ပြီး မကွေး မြသလွန် ၊ မလွန် မြ သပိတ် လို့
တောင် လူ တွေ က ခေါ် ကြ တယ် ။ ဘု ရား သမိုင်း အ ရ တော့ မြတ် စွာ ဘုရား မင်း ဘူး ရှင်
ပင် စက္ကိန်း တဲ ကျောင်း တော် မှာ စံ မြန်း နေ တဲ့ အချိန် မှာ မကွေး က ဘီ လူး ညီ နောင်
(နံမည် မေ့ နေ ပြီ) နှစ်ပါး ရောက် လာ ပြီး မြတ် စွာ ဘု ရား ကို မကွေး က ယူ လာ တဲ့ ဖန်
ခါး သီး ကပ် လှူ ပြီး တော့ မြတ် စွာ ဘုရား ထံ က မြသလွန် ကို အလှူ ခံ သွား ခဲ့ တယ်။ အဲဒီ
မြ သလွန် ကို မကွေး မှာ ဌါ ပနာ ပြီး၊ မြ သလွန် ဘု ရား ကို တည် ထား ခဲ့ ပါတယ်။ ဒါ ကို
အကြောင်း ပြု ပြီး တချို့ က လည်း မကွေး သား တွေ ကို နောက် ကြ တယ်။ မကွေး သား တွေ က
လည် တယ် ။ မြ သလွန် ကို ဖန်ခါး သီး နဲ့ ရ အောင် လဲ သွား တယ် ဆို ပြီး တော့ လေ။ မကွေး သား တွေ ဖတ် မိ ရင် စိတ် မ ဆိုး ကြ ပါ နဲ့ ။
မလွန် မြ သပိတ် က တော့ မြတ် စွာ ဘု ရား သုံး ခဲ့ တဲ့ မြ သပိတ်
ကို မြတ် စွာ ဘု ရား က အဓိဌါန် ပြီး ဧရာ ၀တီ မြစ် ထဲ ကို မျှော လိုက် တာ၊ ရေ စီး နဲ့
မျော လာ ပြီး မလွန် အ ရပ် ကို ရောက် ဆက် မမျော ပဲ တန့် နေ လို့ အဲ ဒီ အရပ် က လူ တွေ
က ဆယ် ယူ ပြီး မြ သပိတ် ဘုရား တည် ထား ခဲ့ တာ လို့ မှတ် သား ခဲ့ ရ ဘူး ပါ တယ်။ ဒါ ကြောင့်
ဒီ အရပ် ကို လည်း မြ သပိတ် တော် ဆက် မမျော ပဲ၊ အဲ ဒီ အရပ် က နေ မလွန် သွား တာ ကို အစွဲ
ပြု ပြီး “မလွန်” လို့ ခေါ် တွင် ခဲ့ ကြောင်း သိ ခဲ့ ရ ပါ တယ်။ နောက် ပါးစပ် ရာဇ ၀င်
အရ တော့ ရှေး ရှင် ဘုရင် တွေ လက် ထက် က ဒီ အရပ် ကို နယ် စား ပါယ်စား ပေးသနား ပြီး တာ
ဝန် ထမ်း ဆောင် စေ ခဲ့ တဲ့ အတွက် ၊ မင်း ညီ မင်း သား တွေ မှာ မင်း နေ ပြည်တော် နဲ့
ဝေး နေ ရ ပြီး နေ ပြည် တော် (ပျင်းမနားက နေ ပြည် တော် မဟုတ်) ကို လွမ်း ပြီး နေ ကြ
တာ ကြောင့် မင်း လွမ်း လို့ ခေါ် ရာ က နေ မလွန် လို့ ဖြစ် သွား တယ် လို့ လည်း ပြော ကြ
တယ်။ အဲ ဒါ လည်း ဖြစ် နိုင် လောက် တယ် ကျွန် တော် တို့ လည်း လွမ်း ခဲ့ ရ ဘူး တယ် လေ။
ကျန် တဲ့ ဘု ရား တွေ အ ကြာင်း က များ သော အား ဖြင့် ထင် ရှား
ပြီး သား မို့  ရေး စရာ အကြာင်း သိပ် မရှိ ပါ ဘူး။ အညာ ဘု ရား ပွဲ တွေ နဲ့ ပိတ် သက်
တဲ့ အကြောင်း တွေ အချိန် ရ ရင် ထပ် ရေး ကြည့် ပါ ဦး မယ်။
၂ ရက် ၊ စက် တင် ဘာ လ၊ ၂၀၁၂ ခုနှစ်
Wednesday, August 29, 2012
မလွန် မြေ အလွမ်း ပြေ ၊ အပိုင်း (၂)
မလွန် မြေ အလွမ်းပြေ (၂) ။
ပြော ခဲ့ တဲ့ အတိုင်း ပဲ၊ ရေး
ရင်း နဲ့ အရှိန် က ရ ၊ မြှောက် တဲ့ သူ က မြှောက် ပေး နဲ့ ဆက် ရေး မိ ပြန် ပြီ ။ ဒီ တခါ တော့ နည်းနည်း ချင်း သတိ ရ တာ လေး တွေ
ကို ရေး သွား ပါ့ မယ် ။ ပဌမ ဆုံး က တော့ မလွန် က ရာသီ ဥတု အ ကြောင်း ပါ ။ မလွန် က
အညာ ဒေသ ထဲ မှာ ပါ နေ တော့ အညာ ရာ သီ ဥတု ရဲ့ သဘာဝ အတိုင်း ရာ သီ ဥတု ပြင်း တယ် ပြော
ရ မှာ ပေါ့ ။
နွေ ရာ သီ ။ မလွန် နွေ
ရာသီ ကတော့ အညာ နွေ ပီပီ အတော် လေး ပူ ပြင်း ပါ တယ် ။ နွေ အခါ ဆို အခန်း ထဲ
မှာ အိပ် လို့ ရ ဘို့ မလွယ် လှ ဘူး ။ အဲ ဒီ အချိန်မှာ ပူ လွန်း တော့ ရှိ သမျှ အိမ်
ထောင် ပရိဘော ဂ တွေ က လည်း ထိ လိုက် ရင် ပူ နေ တတ် တယ် ။ ဒီ တော့ မအိပ် ခင် ခြင် ထောင်
ကို ရေ ဆွတ် ပြီး မှ ထောင်ထား လိုက် တော့ အိပ် တဲ့ အခါ ကျ တော့ Air Con ဖွင့် ထား သလို
အေးအေး လေး နဲ့ အိပ် ပျော် သွား တာ ပေါ့ ။ အဲ ဒီ တုန်း က ငယ် သေး တော့ အဲ ဒီ လို လုပ်
ရင် လေ ဖြတ် တတ် တယ် ကြား ဘူး ပေ မဲ့ ကြောက် ရ ကောင်းမှန် မသိ ကြ ဘူး ။ ငယ်သူ မို့
မသိ ပါ လို့ မစန္ဒာ ရဲ့ ၀တ္ထု နံ မည် ပေး ရ မလို ပေါ့ ။ တခါ တလေ တော့ လည်း ကုတင် အပို
ကို ရှေ့ ဘိနပ် ချွတ် မှာ ထားထား ပြီး ၊ ညနေ အလုပ် က ပြန် ရောက် တာ နဲ့ အဲ ဒီ ကု တင်
ကို ရေ တွေ ဖြန်း ထား လိုက် တယ် ။ ဘယ် လောက် ပူ လဲ ဆို ရင် အဲ ဒီ ဖြန်း ထား တဲ့ ရေ
က မိုး မချုပ် ခင် အကုန် ချောက် သွား ပြီ လေ ။ အဲဒီ တော့ ည ကို ပူ မနေ တဲ့ ကုတင် မှာ
အပြင် က လေ ပြေ လေး ခံ ရင်း အိပ် ခဲ့ ကြ ရတယ် ။ အဲ ဒီ အချိန် က Air Con က လည်း မရှိ
ဘူး လေ ။ နေ့ လည် ဘက် အလုပ် ထဲ မှာ ဆို ရင် တော့ တခါ တလေ ၊ အပေါ် က ရှပ် အင်္ကျီ ကို ချွတ်
ပြီး စွပ် ကျယ် လေး နဲ့ နေ တဲ့ အခါ နေရ တယ်။
မိုး ရာ သီ ။ ဒီ ရာ သီ က တော့
သိပ် ထူးထူးခြားခြား ပြော ပ လောက် တဲ့ အကြောင်း မရှိ ပါ ဘူး ။ ဒါ ပေ မဲ့ ကား တွေ Z
ဆိပ် ဆင်း တဲ့ အခါ၊ လမ်း တွေ က ရွှံ့ တွေ နဲ့ ချော် နေ တတ် လို့ Z အဆင်း အတက် မှာ တင်
အချိန် တွေ တော်တော် ကုန် တတ် တယ် ။ တခါ တလေ ကား က သူ့ ဘာသာ မတက် နိုင် လို့ ထွန် စက်
နဲ့ ဆွဲ တင် ဆွဲ ချ လုပ် ရ တဲ့ အခါ တွေ လည်း ရှိ ရဲ့ ။ မြစ် ကူး တံတား တွေ မရှိ ခင်
က ဒုက္ခ တွေ ပေါ့။ နောက် မလွန် ရွာ ကမ်း နား ပ်ုင်း က ကမ်း ပြို တတ် တော့ ကမ်း နား က
အိမ် တွေ က သတိ ထား နေ ရ တယ် ။
ဆောင်း ရာသီ
။ ဒီရာသီ က တော့ နေ လို့ အကောင်း ဆုံး ၊ ပျော်
စရာ အကောင်း ဆုံး ရာ သီ ပဲ ။ ပျော် စရာ ကောင်း ဆို ဒီ ရာ သီ မှာ နံ မည် ကျော် အညာ ထန်းရည်
ပေါ် တဲ့ အချိန် လေ ။ နောက် ပြီး တော့ အညာ က တောင် သူ တွေ စိုက် ပျိုး ရေး လုပ် ငန်း
တွေ သိမ်း ပြီး ၊ ပဲ ပေါ် ချိန် ၊ နှမ်း ပေါ် ချိန် မို့ ငွေ ရွှင် နေ ကြ ချိန် မှာ အညာ
ဘုရား ပွဲ တွေ နယ် အနှံ့ ကျင်း ပ လေ့ ရှိ တဲ့ အချိန် လည်း ဖြစ် တယ် လေ ။ ဒီ ရာသီ မှာ
ရာသီ ဥတု က လည်း အေး တော့ အနွေး ထည် အမျိုးမျိုး ၀တ် ပြီး ရှိုး ထုတ် လို့ လည်း ရ သေး
တယ် ။ ကျောင်း မှာ ဘွဲ့ ယူ ပြီး ထဲ က ၀တ် စရာ လမ်း မရှိ လို့ မ ၀တ် ရ တဲ့ ကုတ် အကျ င်္ီက ဒီ မှာ ဟန် ကျ နေ တယ် ။ Sky
Beer လို့ နံ မည် ပေး ထား တည့် ထန်းရည် က လည်း ဒီ နယ် တ၀ိုက် မှာ ကောင်း လည်း ကောင်း
၊ ပေါ လည်း ပေါ ဆို တော့ ထန်း ရည် ကောင်း ထွက် တဲ့ ရွာ နီး ချုပ် စပ် တွေ က ထန်း တော
တွေ လည်း အကုန် ရောက် ခဲ့ တယ် ။ မင်း လှ က ထန်း တော ၊ သံပုရာ ကန် အလွန် မကျည်း ပင် ရွာ က ထန်း တော ၊ လက် ပံ ၊ သစ်ရာ ကောက်
နားက ရွာ တွေ အထိ နှံ့ ခဲ့ တယ် ။ မလွန် ရွာ ထိပ် က သရက် တော နား က ထန်း တော မှာ လည်း
မလွတ် ဘူး။ ထန်းရည် ကို အပင် အောက် မှာတင် လတ်လတ် ဆတ်ဆတ် သောက် ရ တဲ့ အပြင် အမြီး က
လည်း အနား မှာ ရှိ တဲ့ မနှုတ် ရ သေးတဲ့ မြေ ပဲ ပင် တွေ နှုတ် ပြီး မြေ ပဲ အစိမ်း တွေ
ကို မီး ဖုတ် ပြီး စား ခဲ့ ရတဲ့ အရသာ ကို အခု ကလပ် တွေ မှာ Calsberg တွေ Henekin တွေ
ကို ကြက်ကင် တွေ အာ လူး ကျော် တွေ အမြီး ကောင်း တွေ နဲ့ စား ရ သောက် ရ တာ တွေ နဲ့ မလဲ
နိုင် ပါ ဘူး ။ စိုင်း ထီး ဆိုင် ရဲ့ ပျောက်
ဆုံး နေ သော နိဗ္ဗာန် ဘုံ ထဲ က လို အဲဒီ ဘ၀ မျိုး လေး တခါ ပြန် ပြီး ရ
ချင် မိ သေး တယ် ။ မှတ် မိ နေ သေး တယ် ။ မင်း လှ ထန်းတော က ထန်းရည် က တော် တော် စွမ်း
တာ ပဲ။ တခါ သွား သောက် တာ ဦး နေ ၀င်း (အလုပ် ရုံ ခွဲ မှူး၊ ဓါတ် ခဲအလုပ်ရုံ) ဆို ၂
ခွက် လောက် သောက် တာ နဲ့ တင် ဒေါင် ချာ စိုင်း အောင် မူး သွား တာ ။ ထန်းရည် သောက် တော့
လည်း ဒါ နဲ့ ပါတ် သက် တဲ့ အခေါ် အဝေါ် လေး တွေ ဗ ဟုသုတ လေး တွေ ရ ခဲ့ တာပေါ့ ။ ငှက် ခါးတောင်
တို့၊ ပုဇွန် စိပ် ခုန် တို့ ၊ နောက် ထန်းရည် ကို နေ ကျော် မှ ချ ရင် ပို မူး တတ် တယ်
တို့ ဆို တာ တွေ ပေါ့ ။
နောက် ထပ် မှတ် မိ တာ တွေ ရှိ
ရင် ထပ် ရေး ပါ့  မယ်။ အခု တော့ ဒီ နေ ရာ မှာ ခဏ နား ဦး မယ် ။
(၂၉ရက် ၊ သြဂုတ်လ ၊ ၂၀၁၂)
Saturday, August 25, 2012
မ လွန် မြေ အလွမ်း ပြေ
မလွန် မြေ အလွမ်းပြေ။
ရန်ကုန်စက်မှု တက္ကသိုလ် မှ စက်မှု အင်ဂျင်နီယာ ဘွဲ့ ရရှိပြီး
နောက်၊ ၀န်ထမ်း ရွေးခြယ်ရေး အဖွဲ့ မှခေါ်ယူ သော အလုပ်ရုံခွဲမှူး ရာထူး (လစာ ၃၅၀ိ-၂၅ိ-၅၀၀ိ)
ရာထူးအတွက် ၀င်ရောက် ဖြေဆိုပြီး ရွေးခြယ်ခြင်း ခံရ သဖြင့်၊ အမှတ် (၂) စက်မှုဝန်ကြီး
ဌာန၊ အကြီးစားစက်မှုလုပ်ငန်း ကော်ပိုရေးရှင်း တွင် ခန့်အပ်ခြင်း ခံရ ပြီး ကမ္ဘာ အေး ရုံးချုပ်သို့
သတင်းပို့ကာ အလုပ်ရုံခွဲ မှူး ရာထူးဖြင့် စတင် ၀င် ရောက် လုပ်ကိုင်ခဲ့ပါသည်။ ထို မှ ဗ ဟိုဖေါင်ကြီး သင်တန်းကျောင်းသို့ သင်တန်း တက်ရန်
စေ လွှတ်သဖြင့် ဇေယျ တပ်ခွဲ ၊ အပါတ်စဉ် (၂၉) တွင် သင်တန်းတက်ရောက်ခဲ့ ရပါသည်။ သင်တန်းဆင်း ပြီးနောက် တာဝန်ကျရာ စက်ရုံများ သို့
သွား ရောက် ထမ်းဆောင်ရန် ပြောင်းရွှေ့ မိန့် ထွက်လာပါ တယ်။ အတူအလုပ်ဝင်သူ များ အနက်
အမှတ် (၂) စက်ရုံ ၊ မလွန်စခန်း အတွက် ကျား (၃) ဦး၊ မ (၃) ဦး၊ အမှတ် (၃) စက်ရုံ ၊ ဆင်တဲစခန်း အတွက် ကျား (၄) ဦး၊
အမှတ် (၄) စက်ရုံ ၊ ထုံးဘိုစခန်း အတွက် ကျား (၃) ဦး၊ တာဝန် ထမ်းဆောင်ရန် အမိန့်
ထွက်လာပါတော့ တယ်။
ကျွန်တော် ကတော့ အမှတ် (၂) စက်ရုံ ၊ မလွန် စခန်းကို တာဝန်
ပေးအပ်ခံရ ပါတယ်။ ကြားရတဲ့ ပြောင်း ရွှေ့ မိန့် အတွက် အစ တော့ တော်တော် စိတ်ညစ်သွားပါ
တယ်။ မလွန် ဆိုတာ ကစလ စက်ရုံတွေ ထဲ မှာ အဝေး ဆုံး နဲ့ အခေါင် ဆုံး မို့ ပါ။ နောက် ပြီးတော့
ကျွန်တော် က ရန်ကုန်သားလေ။ ဒါပေမဲ့ လည်း တာဝန် အရမငြင်း သာ တော့ လည်း အဲဒီတုန်း က ဇော်ဝမ်းရဲ့
စေလိုရာစေ ဆိုတဲ့ သီချင်း ဆိုပြီး သွားရတော့ တာ ပေါ့။ စထွက် လာကြတော့ နယ်ပြောင်း ရမယ့်
အင်ဂျင်နီယာ တွေ အကုန်လုံး အဲဒီ တုန်းက အကောင်းစား မှန်လုံ ကားကြီး တစီး နဲ့ လိုက်ပို့
တာဆိုတော့ ပျော်စရာ အကောင်းသား ။ ဒီလိုနဲ့ ပြည် ရောက်တော့ ၊ ဆင်တဲ ထုံးဘို သွားရ မဲ့
အဖွဲ့ တွေ ကို Z ဆိပ် လိုက်ပို့ ပြီး မလွန် အဖွဲ့ က မပြီးသေးတဲ့ ခရီး ကို ဆက် ပြီး
ချီ တက်ခဲ့ ကြရတယ်။ လမ်းခရီး က မနီး ပေ မဲ့ မရောက် ဘူးသေးတဲ့ မြေလတ်ဒေသ မို့ ၊ ပျင်းစရာတော့
မရှိ ဘူး ။
ဒီလိုနဲ့ တောင်တွင်းကြီး
အလွန် ၊ သစ်ရာကောက် လမ်းခွဲ ကနေ ၁ နာရီ လောက် ဆက်သွားလိုက် တော့ မလွန် အရှေ့ ဘက်ကမ်းက
ပထန္နဂို ရွာကို ရောက် တော့ တယ်။ မလွန်တဘက်ကမ်းကို လှမ်းကြည့် လိုက် တော့ မလွန်ရွာ နဲ့
အတူ တောင် ပေါ် မှာ သပ္ပါယ်
စွာတည်ရှိ နေတဲ့ စေတီ တဆူ ကို ဖူး မျှော် လိုက် ရပါ တယ် ။ နောက် မှ ဒီ စေတီ က မြသပိတ်
စေတီဖြစ် ကြောင်း သိလိုက်ရတယ် ။ ဒီ လို နဲ့ ကားတွေ ကို ဇက် ပေါ် တင် ။ ဧရာဝတီ မြစ် ကြီးကို
ဖြတ် ကူးပြီး မလွန် မြေ ကို ပဌမ ဆုံး အကြိမ် စတင် ခြေချ ခဲ့ ပါတော့ တယ် ။(အဲဒီ ကာလတုန်းက
မြစ်ကူးတံတားတွေ မရှိသေးဘူး) မလွန်ဘက် ကမ်းရောက် တော့ ဇက် ပေါ်က ကာတွေ မောင်း ဆင်းပြီး
စက်ရုံ ရှိ ရာ ဘက် ကို စတင် ထွက် ခွာ လာကြ တယ် ။ အဲဒီချိန် မှာ တော့ ဘာ လို့ များ ဒီစက်ရုံတွေ
ကို ဒီလောက် ဝေးသီခေါင်လန် တဲ့ဒေသ မှာလာ ဖွင့် ရတာ ပါလိမ့် ။ ငါတို့ တော့ ဒီလို ပုံ
နဲ့ တော မှာနေ ရ တော့ မှာပါ လား လို့ တွေး နေ တုန်း စက်ရုံ နယ်နမိတ် ထဲရောက် လာပြီး
၊ စက်ရုံ အဆောက် အဦးကြီး လည်း မြင်လိုက် ရော
တော်တော် အံအားသင့် သွားကြရတယ် ။ ဒီလောက် ခေါင် တဲ့ တောတွေ တောင် တွေ ကြားမှာ မထင်မှတ်
ပဲ ၊ စက်ရုံ အကြီးကြီးကို တွေ့ လိုက် ရလို့ပါ ။ ဘာ နဲ့ တူလဲ တို တော့ ကျွန်တော် တို့
ငယ်ငယ် က ကြည့် ခဲ့ ကြ ရတဲ့ James Bond ရုပ်ရှင်တွေ ထဲ ကလို ပဲ တောတောင် တွေ ကြားထဲ
က ခမ်းနားကြီးကျယ် တဲ့ စက်ရုံ အဆောက် အဦး ကြီးတွေ့ လိုက် ရသလို ပဲ လေ ။
အဲဒီ နောက်
စက် ရုံ မှူး အိမ် သွား ပြီး သတင်းပို့ မိတ် ဆက် ပါ တယ်။ အဲဒီ အချိန်က စက် ရုံ မှူး က
ဗိုလ် မှူး အေးမြင့် ပါ။ သူ က ကျွန်တော် တို့ အဖွဲ့ အတွက် တောင် ပေါ် Guess house မှာ
ပြင်ဆင်ထား တယ် ။ နားလိုက် ကြ ဦး ဆို လို့ အဲဒီ ညအ တွက် ကတော့ညစာ ပူစရာမလို တော့ ပဲ
ချက်ကျွေး တာစား ၊ အိပ်ယာ အဆင်သင့် ၀င် အိပ် လိုက် ကြရုံ ပဲ။ နောက် တနေ့ တော့ ယောက်ျား
လေး တွေ ကို လက် ရှိ ဦးသိန်း အောင် နဲ့ ဗိုလ်ကြီး ရန်နိုင်အောင် တို့ နေ နေ တဲ့ အရာရှိ
ရိပ် သာ ကို ပြောင်း ရ ပြီး၊ မိန်းကလေး တွေ အတွက် တော့ တင်းနစ် ကွင်း နဲ့ မျက် စောင်း
ထိုး က အရာရှိ အိမ် တလုံး မှာ နေ ဘို့ စီစဉ် ပေးပါ တယ် ။
စက်ရုံ ထဲ
ရောက် တော့ ကျွန် တော့ ကို ထုတ်လုပ် ရေး(၁) ၊ စက်ပစ္စည်း အလုပ် ရုံ မှာ တာဝန် ပေး ခံ
ရ ပါတယ် ။ အလုပ် ထဲ ရောက် တော့ စက်ရုံ က ၀န်ထမ်း တွေ အလုပ် သမားတွေ အားလုံးက လေးလေး
စားစား ဖေါ်ဖေါ် ရွေရွေ ဆက်ဆံကြ တဲ့ အတွက် အဆင်ပြေ ပါ တယ် ။ ကိုယ့် အရာရှိ အချင်းချင်း
၊ အင် ဂျင်နီယာ အချင်းချင်းက လည်း ကောင်းဆိုး တိုင်ပင် ပြီးလုပ် ကိုင် ကြ တာ မို့ ပျော်စရာ
ကောင်းပါ တယ် ။
ဒါပေမဲ့ ဆိုးတာက
အဲ ဒီ နေရာ က အစထဲ က ပြောတဲ့ အတိုင်း အလွန် ခေါင် တာဆိုတော့ အလုပ်ပြီးတဲ့ အချိန် ကျ
ရင် ဘာ လုပ် ရ မှန်း မသိအောင် ပျင်းစရာ ကောင်း တာ ပဲ။ အခု ကာ လ လို Internet က လည်းမပေါ်သေး
ဘူးလေ ။ ဒီတော့ အချိန် တွေ ကို အလဟဿ မကုန် ရ အောင် လုပ် ရ တယ်။ အဲဒါကတော့ ကျောင်းတော်
ကြီး က အင်ဂျင်နီယာ ဘာသာရပ် နဲ့ အတူ တတ် မြောက် လာ ခဲ့ တဲ့ အတွက် အချက် ပညာရပ် တခု ဖြစ် တဲ့ ဖဲ ကစားတာပါ ပဲ။
နောက် တနေ့ ဘယ်မှ သွားစရာ မရှိ ၊ လုပ် စရာ မရှိဘူး ဆို ရင် တညလုံး ဖဲ ရိုက် ဖြစ် ကြတယ်။
တခါတလေ အဲဒီ နယ် တ၀ိုက် မှာ TSC , MOC, PIC, PPSC စတဲ့ ဌာနတွေ မှာ တာဝန် ထမ်းဆောင်နေ
ကြတဲ့ တကျောင်း ထဲ ဆင်း အင်ဂျင်နီယာ တွေ နဲ့ ချိန်း ပြီး Inter Coporation ဖဲ ရိုက် ပြိုင် ပွဲ ကြီး တွေ လည်း
ကျင်းပ ဖြစ် ကြ တယ်။
ဖဲ မရိုက်
ဖြစ်တဲ့ အခါ တော့ ၊ယမကာ မှီ ၀ဲ ဖြစ်ကြတာပေါ့ ။ ရောက်ခါ စ တော့ ရန်ကုန် က လာ ကြတဲ့
သူ တွေ ပီပီ Mandalay Rum ပဲသောက် လေ့ ရှိတယ်
။ အစ ပိုင်းတော့ တတ် နိုင်သလောက် အရက် မ သောက် ဖြစ် အောင် ရှောင် ပေ မဲ့ ၊ အဲဒီ မှာ
က၊ ပွဲ တွေ က များတော့ သောက် စရာ အကြီမ် တွေ က များ တယ် ။ နိုင်ငံခြား ဧည့်သည် တွေ
ကမကြာမကြာ လာကြ ၊ ဌာန ဆိုင်ရာ ဧည့်သည် တွေ လာကြ နဲ့ ၊ သူတို့ အတွက် ဧည့် ခံ ပွဲ တွေ
တက်ရင်း မရှောင် နိုင် တော့ ပဲ သောက် ဖြစ်နေတော့ တယ် ။ အဲဒီ ပွဲ တွေ မရှိ တော့ လည်း
ကြံဖန် အကြောင်းရှာ ပြီး သောက် ကြတယ် လေ ။ အကြောင်းမဲ့ အရက် သောက် တာ တော့ မလုပ်ပါ
ဘူး ။ အကြောင်းတွေ ကလည်း အမျိုးမျိုး ပေါ့ ။ နေ ပူ လို့ ၊ မိုးရွာ လို့ ၊ ပူ လို့ ၊
အေးလို့ နဲ့ ရာသီ ဥတု ကြောင့် သောက် ကြ ရ သလို ၊ က မ္ဘာ့ တနင်္ဂနွေ နေ့ ၊ အပြည်ပြည် ဆိုင်ရာ
တနင်္လာနေ့ တို့ စတဲ့ အထိမ်း အမှတ်တွေ အဖြစ် သောက် ကြ တာ ပါ။
အစ ကတော့ မန
္တလေး ရမ် မှ သောက်တယ် ဆို ပေ မဲ့ ။ ကြာလာတော့ အဆင့် က တက် လာတယ် ။ ဘတ်ဂျက် ထိခိုက်
လာတာလည်း ပါတာ ပေါ့ ။ Army Rum ဖြစ် လာတယ် ။ နောက် တင်လဲဖြူ ၊ နောက် ဘီအီး (အဖြူ) ၊
နောက် ဆုံး တော့ တောအရက် ကောဘာရော အကုန် ချ တော့တာပဲ ။ ဒီ လို နဲ့ အရက် သောက် ရင်း
အရက် နဲ့ ပါတ်သက် တဲ့ ပညာ တွေ တိုး လာတယ် ။ B2T1 (Beer ၂ပုလင်းနဲ့ တင်လဲဖြူ ၁ ပုလင်း)
၊ B2R1 (Beer ၂လုံး နဲ့ Rum ၁ လုံး) ရော စပ်သောက် တာတွေ ၊ အဖြူ သောက် ရင် သကြား ကို
ဇွန်းလေး ထဲ ထည့် အပူပေး ပြီး အရက် ပုလင်း ထဲ ထည့် လှုပ် ပြီး အရောင် ဆိုးတဲ့ အတတ်တွေ တတ် မြောက် လာတယ်
လေ ။ တချို့ ဆို အဲ ဒီ ကနေ ဘွဲ့ တွေ ဘာတွေ တောင် ရ သွား သေး တယ် ။ ယမက ဂုဏ်ရည် ပထမဆင့်
၊ ဒုတိယ ဆင့် စသည် ဖြင့် ပေါ့ ။ အော် ပြောရ ဦး မယ် ။ အဲဒီတုန်း က Officer
Mess မှာ ဦးအောင်ဒင် ဆိုတဲ့ ၀န် ထမ်း တယောက်
ထားပေးထားတယ် ။ သူ က လည်း ရိပ်သာ က အရာရှိ တွေ အတွက် အလွန် အားထား ရတဲ့ ၀န်ထမ်း တယောက်
ပဲ ။ ဖဲရိုက် ဖို့ တအိမ် လို နေရင် သူက အဆင်သင့် ပဲ။ အရက် ၀ယ်စရာ လိုရင်လည်း ကျန်တဲ့
နေရာ တွေမှာသာ နှေး ချင် နှေး မယ် ၊ အဲ ဒီ အတွက် တော့ အရမ်း ဖင် ပေါ့ တယ် ။ ဘယ် တော့
မှ မ ငြီးဘူး ။ အမြီး လုပ် ပေး တဲ့ တာဝန် လည်း မလစ်ဟင်းစေ ရ ဘူး ။
နောက်ပျော်
စရာ ကောင်းတာ တခု က အရာ ရှိ ရိပ်သာ နဲ့ သိပ် မဝေး တဲ့ နေရာ မှာ မလွန် က အိမ်ထောင် မရှိ
သေး တဲ့ ၀န် ထမ်း တွေ အတွက် အမျိုးသမီး ဆောင် (အပျို ဆောင်) ရှိ တယ် လေ။ အဲ ဒီ အဆောင်
ရှေ့ မှာ ညည မူး ရင် ၊ မူးမူး နဲ့ သီ ချင်း တွေ သွား ဆို ခဲ့ ကြ တာ တွေ က လည်း မမေ့
နိုင် တဲ့ ပျော် စရာ တွေ ထဲ က တခု ပေါ့ ။ ညကတော့ မူး မူး နဲ့ ဘာ မှ မသိ ပဲ သွား အော်
ကြ ပြီး မနက် အလုပ် ထဲ ရောက် တော့ တပည့် ကောင် မလေး တွေ က ညက ဆရာ့ အသံ ကောင်း လိုက်
တာ ဘာညာ ပြော တော့ ရှက် ရှက် နဲ့ ဘာ ပြန် ပြော
ရ မှန်းမသိ ပဲ ရယ် ကြဲ ကြဲ လုပ် နေ လိုက် ရ တယ် ။ အဲ ဒီ အချိန် က အမျိုး သမီး ဆောင်
မှာ နေ တဲ့ သူ တွေ ကလည်း အများ သား ။ ၀န်ထမ်း အပျို တွေ တင် မက ပဲ အခြေ ခံ စက် မှု သင်တန်း
ကျောင်း က ကျောင်း သူ တွေ လည်း ရှိ နေကြ တယ် လေ ။ အဲ ဒီ လို သီ ချင်း တွေ သွား ဆို
ကြ တာ လည်း ကျောင်းတုန်း က ညည အမျိုး သမီး ဆောင် တွေ ရှေ့ မှာ သွား ဆို ရ တာ တွေ ကို
အ လွမ်း ပြေ ပေါ့ ။
နောက် ပိုင်းတော့
ဦးစိုးမင်း ၊ ဦးသန်းငွေ ၊ ဦးစိုးလှိုင် စတဲ့ အင်ဂျင်နီယာ အသစ်တွေ ထပ် ရောက် လာတော့
ပို စည်ကား လာတယ်။ ဖဲ ရိုက် တဲ့ နှုန်း ကမြင့် လာ တယ် ။ အလုပ် ပြီးတဲ့ နားတဲ့ အချိန်
တွေ တင် မက ဘူး ။ နေ့ လည် ထမင်းစား ချိန် ထမင်း စားပြီးတာ နဲ့ ရတဲ့ အချိန် လေး မှာ
ရ သလောက် ရိုက် ကြ တော့ တာပဲ ။ တခါ တလေ ကျတော့ တဖွဲ့ က ဖဲ ရီုက် ၊ တဖွဲ့ က အရက်သောက်
နဲ့ ပို စည် ကားနေ တယ် ။ အဲ ဒီလို အချိန် မျိုး မှာ တော့ ကိုအောင်ဒင် ကတော့ အရမ်း အလုပ်
များ ပေါ့ ။ တခါ တလေ အမြီး လုပ် ဘို့ ရေ ခဲ သေတ္တာ ထဲ မှာ ရိက္ခာ နည်း နေ ရင် ၊ အဲဒီ
ရေခဲသေတ္တာ ထဲ မှာ အနီး အနား အိမ် တွေ က လာ ထည့် ထား တဲ့ ရိက္ခာ တွေ နဲ့ အဆင် ပြေ အောင်
စီစဉ် ပေး တတ် တယ် ။ (အဲဒီ အချိန် က မလွန် မှာ ရေ ခဲ သေတ္တာ ရှိ တာ ဆိုလို့ Guess
House, Officer Mess နဲ့ စက်ရုံ မှူး အိမ် မှာ ပဲ ရှိ တာ လေ ။ ဒီတော့ အနား ပါတ် ၀န်းကျင်
မှာ ရှိ တဲ့ အရာရှိ အိမ် တွေ က သူ တို့ ရဲ့ သား ငါး တွေ ကို ဒီ ထဲ မှာ လာ ထား တတ် တယ်
လေ ။) အဲဒီ တော့ တချို့  က သူ တို့ ရဲ့ အသားတွေ ကို အတုံး လေး တွေ လှီး ၊ အတုံး တွေ
ကို ဘယ် နှစ် တုန်း လဲ ရေ ပြီး ထားတယ် ။ ဒါပေ မဲ့ အင်ဂျင်နီယာ တွေ ပဲ ၊ ဘယ်လို အတုံး
ရေ မလျော့ ပဲ လှီး ယူရမယ် ဆိုတာ သိ နေ တယ် လေ ။ အဲဒါ ကြောင့် ဒု စက်ရုံ မှူး ဗိုလ် မှူး
လှ ရွှေ ရဲ့ အမျိုး သမီး က သူ တို့ ရေခဲ သေတ္တာ ထဲ မှာ အသားတွေ ထား ရင် ကျူံ့  ကျူံ့ 
သွားတတ် တယ်ဆို ပြီးတောင် စ တတ် နောက် တတ် တယ် ။
မလွန် မှာ
အလုပ် လုပ် ရ တာ ကြာလာတာနဲ့ အမျှ နေ ရ တာ ပျော် လာ ပါ တယ် ။ ဒီ က လုပ် ဖေါ် ကိုင် ဘက်
တွေ ၊ လက် အောက် ငယ်သား တွေ က ပို ရင်းနှီး ခင်မင် လာ ကြ ပြီး ၊ ဆွေ မျိုး ရင်းချာ
တွေ လို ဖြစ် လာကြ တယ် ။ အနီး အပါး က ရွာတွေ မှာ နေ ကြ တဲ့ ၀န် ထမ်းတွေ ရဲ့ သာ ရေး
နာရေး ကိစ္စ တွေ သွားရင်း သွား စရာ နေ ရာ တွေ ပို များ လာ တယ် ။ အဲဒီ လို သွားဘို့ ကလည်း ထွန်စက် တွေ နဲ့ တခါ တရံ
ကံ ကောင်း ထောက် မ စွာ နဲ့ ဂျစ်ကား လေး နဲ့
သွားခွင့် ရ တယ် ။ ဒီ လို နဲ့ အနီး ၀န်း ကျင်က နေရာ တွေ လည်း အတော် နှံ့ လာတယ် ။ မင်း
လှ ၊ မင်း ဘူး ၊ ထောက် ရှာပင် ရေနံ မြေ ၊သမိုင်း ၀င် နေရာ တွေ ဖြစ် တဲ့ မင်းလှ ခံ တပ် ၊ ဂွေး ချောင်းခံ တပ် အနှံ့  ရောက်
ဘူး လည် ဘူး သွားတယ် ။ အညာ ဘုရားပွဲ တွေ ဖြစ် တဲ့ မကွေး မြသလွန် ၊ ရွှေ စက် တော်၊ ရွှေ
မန်း တင် မောင် ဇာတ်က ရင်း အနိစ္စ ရောက် ခဲ့ ရတဲ့ လက် ပံ ဘုရားပွဲ စတဲ့ အ ညာ ဘုရားပွဲ
တွေ လည်း အကုန် ရောက် ဘူး သွားတယ် ။
တနင်္ဂနွေ နေ့
မနက် ဖက် တွေ မှာ တော့ မင်း လှ မြို့  ကို သွား ပြီး ဈေး ထဲက ထမင်း သုပ် သွား စား
တတ် ကြတယ် ။ အဲ ဒီ ထမင်း သုပ် က ပဲပြုတ် နဲ့ သက်သတ် လွတ် သုပ် တာ လေ ။ တခြား ဒေသ တွေ
မှာ မတွေ့ ဘူး ဘူး ။ ဈေး ရောင်း တဲ့ အမျိုး သမီး က စကား ပြော ရင် ဟုတ်ကဲ့ ရှင့် ဟုတ်ကဲ့
ရှင့် နဲ့ ပြော တတ် လို့ ၊ သူတို့ ထမင်းသုအ် ကို ဟုတ် ကဲ့ ရှင့် ထမင်းသုပ် လို့ နံမည်
ပေး ထား တယ်း အဲဒီ လို မှ မဟုတ် ရင် ဆရာ ကြီး ဦး ချစ် တင် ရဲ့ အမျိုး သမီး ဒေါ်လှ
တင် ရောင်း တဲ့ ၀က် ပေါငိ ချောက် နဲ့ ထမင်း သုပ် ၊ ဒါ မှ မ ဟုတ်ရင် မလွန် ကျောင်း နား
ဈေးထိပ် က ကို စိန် အောင် လဘက် ရည် ဆိုင် မှာ နံနက် စာ (breakfast) စား တတ် ကြ တယ်
။
တခါ တလေ တော့
လည်း လုပ် ဖေါ် ကိုင် ဘက် တွေ ၊ ဌာန ဆိုင် ရာ တွေ က အလှူ အတန်း တွေ ရှိ ရင် အဲ ဒီ မှာ
မီး ခိုး တိတ် သွား စား ကြ နဲ့ ပျင်း စရာ အချိန် သိပ် မရှိ တော့ ပါဘူး ။ အဲ ဒီ အချိန်
က ကာရာ အို ကေ မပေါ် သေး ပေ မဲ့ အဲ ဒီ လို ပွဲ တွေ မှာ လည်း သီ ချင်းတွေ ဆို တတ်ကြ တယ်
။ ကျွန်တော် တို့ ရောက် စ က ရှိ တဲ့ စက် ရုံ ဆရာဝန် ကြီး (Dr တင့် ဝေ) ဇနီး မောင် နှံ က လည်း အဆို ကောင်း ကြ တယ် ။
Mess က အရာရှိ တွေ က တော့ မြနန္ဒာ သီချင်း ကို ပင် တိုင် ဆို တတ် ကြ ပြီး ၊ “မြ လေး
လေး နန္ဒာနန္ဒာ” ဆို တဲ့ နေ ရာ ကျ ရင် အသံ ပို ကျယ် လာ တတ် တယ် ။ အဲဒီ တုန်း က ဒေါ် မြ
လေး ဆို တဲ့ အပျို အရာရှိ တယောက် ရှိ တာ ကိုး ။
နောက် ထပ်
ပျော် စရာ နဲ့ အမြဲ တမ်း အမှတ် ရ ရာ တခု ကတော့ မြန် မာ နှစ် သစ် ကူး သင်္ကြန် ပွဲ ကို
အလုပ် ရုံ အလိုက် လုပ် ကြ တာ ပဲ ။ အဲ ဒီ ရက် တွေ မှာ တော့ ပွဲ ကျင်းပ တဲ့ အလုပ် ရုံ
မှာ သွား ပြီး စား ကြ သောက် ကြ ရေ တွေ ပက် ကြ နဲ့ ၊ တခါ တလေ ရေ ပက် ရုံ တောင် မက ဘူး
ရေ ကန် ထဲ ပါ ပစ် ချ တတ် ကြ တယ် ။ စက် ရုံ ရှေ့ က အလံ တိုင် နား က ရေ ကန် လေး က သင်္ကြန်
ကျ ရင် အလုပ်ရုံ တွေ က ထွက် လာတဲ့ သူ တွေ ကို စောင့် ပြီး ရေ ထဲ တွန်း ချ တဲ့ ကန် လေး
ပေါ့ ။ ဒီလို အလုပ် ရုံ အလိုက် ကျှေး မွေး
ကြ တော့ လည်း ၊ တရုံ နဲ့ တရုံ မတိုက် ကြ ရ အောင် ရက် ခွဲ လုပ် လေ့ ရှိ ကြ တယ်။ နောက်
တနေ့ ကျှေး ဘို့ တရက် ကြို ပြီး ည ဘက် မှာ ချက် ကြ ပြုတ် ကြ တော့ ၊ Mess က လူ လွတ်
အရာရှိ တွေ အတွက် ဟန် ကျ တယ လေ ။ ဘာကြောင့် လဲ ဆို တော့ အဲဒီ ချက်တဲ့ ပြုတ် တဲ့ အလုပ်
ရုံ က Mess က အရာရှိ တွေ ကို အဲ ဒီ ချက် တဲ့ ပြုတ် တဲ့ နေ ရာ ကို အမြဲ ဖိတ် တယ် လေ။
အဲ ဒီ မှာ ချက်ပြုတ် တဲ့ ထဲ က မြည်း စရာ တွေ လုပ် ပေး ပြီး စားကြ သောက်ကြ ပြီး ရင်
ရေ ပါ ပက် လိုက် ကြ သေး တယ်။ ဒီ လို ပျော် စရာ အတွေ့ အကြုံ တွေ က တခြား နေ ရာ တွေ မှာ
မရ နိုင် တာ ကြာတော့ မှ သိ လာ ရတယ် ။
Subscribe to:
Comments (Atom)